Monday, February 18, 2013

မိဘ

ဒီလိုစာတိုလေးတစ်ခု ဖတ်ရတယ်....

"ကိုယ်အောင်မြင်တဲ့အရှိန်က မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်"တဲ့..

ကျွန်မကဒီလိုထပ်ဖြည့်ချင်တယ်..

အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ

မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်

ပိုက်ဆံအများကြီးရသည်ဖြစ်စေ မရသည်ဖြစ်စေ

မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်

အားလပ်ချိန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ

မိဘတွေကိုကျွေးမွေးစောင့်ရှောက်မယ်ဆိုတဲ့အသိက မိဘအိုမင်းသွားတဲ့အရှိန်ထက် မြန်ရမယ်

မိဘတွေဆီ ဖုန်းဆက်တိုင်း သူတို့က "သားတို့ သမီးတို့ အောင်မြင်နေပြီလား၊

ပိုက်ဆံအများကြီးစုမိပြီလား"လို

မေးတတ်ကြမယ် မထင်ဘူး။ သူတို့မေးတတ်တာက "နေကောင်းလား၊ ကျန်းမာရေးကို

ဂရုစိုက်နော်၊ အဆာမခံနဲ့"ဆိုတာပဲဖြစ်မယ်

ထင်ပါတယ်။


နိုင်းနိုင်းစနေ
--

No comments:

Post a Comment

Hi Welcome