Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၁၄ )


( ၆ ) Recruitment ပြုလုပ်ရာတွင်အခြားထည့်သွင်းစဉ်းစားရမည့်အချက်များ
အဲဒီတော့ Recruitment လုပ်လို့ရတဲ့နည်းတွေကတော့ ဟုတ်ပါပြီ။ Recruitment မှာ တခြားထည့်သွင်း စဉ်းစားရမယ့်အချက်တွေ မရှိတော့ဘူးလား။ တကယ်တော့ရှိပါသေးတယ်။ အဲဒါတွေကတော့
( ၁ ) မိမိရဲ့ကုမ္ပဏီဟာ ဘယ်ရာထူးအတွက် ဘယ်နေရာအတွက် ဝန်ထမ်းဘယ်နှစ်ဦးခန့်ထားဖို့စီစဉ်နေ တယ်ဆိုတာ ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေသိထားစေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရံဖန်ရံခါမှာ မိမိကု မ္ပဏီမှာအလုပ်လျှောက်ထားချင်တဲ့ပုဂ္ဂိုလ်ဟာ မိမိကုမ္ပဏီက ဝန်ထမ်းတစ်ဦးဦးနဲ့ သိကျွမ်းတဲ့အတွက် အဲဒီ ဝန်ထမ်းဆီက သတင်းအချက်အလက်တွေ စုံစမ်းရယူတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ မိမိဝန်ထမ်းကဘာ မှမပြောနိုင်ခဲ့ရင် ကုမ္ပဏီကို အထင်သေးသွားတတ်ပါတယ်။
( ၂ ) မိမိကုမ္ပဏီရဲ့ Frontline ဖြစ်တဲ့ Reception ကို မဖြစ်မနေ အသိပေးထားသင့်ပါတယ်။ အဲဒါမှ CV လာတင်တဲ့အခါမှာ Receptionist က လက်ခံထားတာတွေ လိုအပ်တဲ့အချက်အလက်တွေ စနစ်တကျ တောင်းစေခြင်းအားဖြင့် မိမိကုမ္ပဏီရဲ့အပေါ်မှာ Impression ပိုကောင်းစေလို့ပါ။ အခုလက်ရှိ ကုမ္ပဏီ တော်တော်များများမှာတော့ Reception ကော၊ ဝန်ထမ်းတွေကော ဘယ်သူမှ ဂဃနဏဖြေနိုင်ကြတာမျိုး မတွေ့ရပါဘူး။ HRက ပဲပေးမသိတာလား၊ သူတို့ကပဲ မသိဘူးပြောတာလားတော့ ပြောရခက်ပါတယ်။ တ ကယ်တော့ HR ဆိုတာ HR ဌာနတစ်ခုခုနဲ့ပဲဆိုင်တာမဟုတ်ပဲ ဌာနအားလုံးပူးပေါင်းပါဝင်မှသာလျှင် အောင် မြင်နိုင်တာကို သဘောမပေါက် ကြလို့လို့ထင်ပါတယ်။
HR မန်နေဂျာတဦးရဲ့တာဝန်က Recruitment Timeline ကိုရေးဆွဲထားသင့်ပါတယ်။ ဘာလို့လဲဆို တော့တကယ်လို့သာ ဝန်ထမ်းနေရာတစ်ခုလစ်လပ်ခဲ့မယ်ဆိုရင် လူစားပြန်ရဖို့ ဘယ်လောက်စောင့် ဆိုင်းရမယ်ဆိုတာ သက်ဆိုင်ရာဌာနတွေရဲ့မန်နေဂျာတွေ သိစေချင်လို့ပါ။ ဒါမှလည်းအခြားဌာန တွေဘက်က လိုအပ်သလိုချင့်ချိန်ဆောင်ရွက်နိုင်မှာပေါ့။
ပြီးတော့ HR မန်နေဂျာတစ်ယောက် ကဘယ်လိုအချိန်မှာ Recruitment ကို လုပ်ရမှာလဲ ။တကယ်တမ်း တော့ HR မန်နေဂျာတစ်ယောက်ဟာ ကိုးကားရမယ့် Timeline ပါတဲ့ HR Plan တစ်ခုမရှိဘူးဆိုရင် သူ့ သဘော နဲ့ သူ Recruitment လုပ်ခွင့်မရှိသင့်ပါဘူး။ ။
သာမန်အားဖြင့်ဖြစ်သင့်တာကတော့ ဝန်ထမ်းခန့်ထားဖို့လိုအပ်တဲ့ဌာနရဲ့မန်နေဂျာ ဒါမှမဟုတ်ရင် တာဝန် ရှိသူ တစ်ဦးမှ Personal Requisition Form ကို ဖြည့်စွက်တောင်းခံခြင်းဖြင့် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း လုပ်ငန်းစဉ်ကို စတင်သင့်ပါတယ်။
( ၇ ) Precondition for Recruitment 
Recruitment အတွက် Pre-condition တွေရှိပါတယ်။ အဲဒါတွေကတော့
( ၁ ) Personal Requisition Form။ ဌာနတစ်ခုဟာ သူ့ဆီကဝန်ထမ်းတစ်ဦး နှုတ်ထွက်ခြင်း၊ သေဆုံး ခြင်း၊ ပင်စင်ယူခြင်း ၊အနားယူခြင်း၊ ဌာနတိုးချဲ့ခြင်း စတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာတဲ့အခါ လိုအပ်တဲ့လူ အင်အားဖြည့်တင်းဖို့လိုလာပါလိမ့်မယ်။ အဲဒီအခါမှာ HR ဌာနကို Marketing Executive နှစ်ယောက်လို ချင်တယ်ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ကြားဖူးတာလေးတစ်ခုရှိပါတယ်။ အေဂျင်စီတစ်ခုကိုကုမ္ပ ဏီ တစ်ခုကနေပြီး Account Manager နှစ်ယောက်လိုချင်တယ်လို့ ဖုန်းလှမ်းဆက်ပါတယ်တဲ့။ ဒါနဲ့ အဲဒီ အေဂျင်စီက B.Com CPA တွေရဲ့ CV တွေကိုပို့လိုက်ပါတယ်တဲ့။ တစ်ယောက်မှ အင်တာဗျူးမခေါ်လို့ ပြန် မေးတော့မှ သူတို့လိုချင်တာ အဲဒီသူတွေမဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ အလုပ်မှာ လိုအပ်တာက Account Manager တော့ Account Manager ပဲ ၊ ဒါပေမယ့် Key Account Manager ဖြစ်နေလို့ပါတဲ့။ ဆိုလိုချင်တာကတော့ ကိုယ်တကယ် လိုအပ်တဲ့ဝန်ထမ်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ ဥပမာ –သူ့ရဲ့ Position Title တွေ၊ ပညာအရည်အချင်းတွေ၊ အသက်ကန့်သတ်ချက်တွေ၊ အတွေ့အကြုံပိုင်း ဆိုင် ရာလိုအပ်ချက်တွေအားလုံး သေချာမပေးအပ်ခဲ့ရင် ဘယ်လိုမှ အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး။
HR ဌာနကသတ်မှတ်ပေးထားတဲ့ Personal Requisition Form မှာ ပြည့်စုံစွာ ဖြည့်စွက်ပြီး ဝန် ထမ်းခန့်ထားပေးရန်တောင်းဆိုရပါလိမ့်မယ်။ အဲဒီ Personal Requisition Form မှာပါတဲ့အချက်တွေက တောင်းဆိုတဲ့ Requesting Officer ရဲ့အမည၊် တောင်းဆိုတဲ့ရက်၊ နောက်အကျဆုံး ခန့်ထားပေးရမယ့် ရက်၊ ခန့်ထားမယ့်ရာထူးနဲ့လိုအပ်တဲ့အရေအတွက်၊ လစာနှုန်းထား၊ တာဝန်ထမ်းဆောင်ရမည့်နေရာ၊ ဘယ်သူရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရမယ်၊သူရဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ Job Description ကဘာတွေ၊ သူရဲ့ Job Specification တွေကဘာတွေဖြစ်တယ်စတဲ့ အချက်တွေပါဝင်ရပါ မယ်။ အဲဒီအချက်တွေ ပြည့်စုံမှလဲ HR ဌာနက သက်ဆိုင်ရာဌာနရဲ့ လိုအပ်ချက်ကို သိရှိပြီး ဖြည့် ဆည်းပေးနိုင်မှာပေါ့။
( ၂ ) Job Description ။ အဲဒီတော့ JD ဆိုတာ ပါလာပြီ။ JD ဆိုတာဘာလဲ။ JD ဆိုတာ Job Description ပါ။ “Job Description was defined as a document that states the tasks, duties and responsibilities of the job ” Job Description ဆိုတာ သက်ဆိုင်ရာ အလုပ်တစ်ခုရဲ့ ဆောင်ရွက် ရမယ့်လုပ်ငန်းတွေ၊ ယူရမယ့်တာဝန်တွေကို ဖော်ပြပေးတဲ့အရာတစ်ခုပါ။ အဲဒီမှာ အမှတ်မှားတတ်တာ တစ်ခုရှိပါတယ်။ Job Description ကို HR မန်နေဂျာတွေရေးပေးရမယ်လို့။ တကယ်တော့ HR မန်နေဂျာ တစ်ဦးဟာ HR ဘာသာရပ်မှာ ကျွမ်းကျင်ရင်ကျွမ်းကျင်ပါမယ်။ ရှိသမျှ Profession အားလုံးကို သိဖို့မဖြစ် နိုင်ပါဘူး။ အဲဒီတော့ ရှိသမျှ Profession အားလုံးရဲ့ Job Description ကို ရေးပေးဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ HR မန်နေဂျာတစ်ဦးဟာသက်ဆိုင်ရာမန်နေဂျာတွေကို Job Description တခုရလာဖို့ လုပ် ဆောင်ရမယ့်အချက်တွေကို ပြောပြပေးပြီးရရှိလာတဲ့ Data တွေကို စုစည်းပြီး ပြုစုတင်ပြပေးရုံပဲ လုပ်ပေး နိုင် ပါ တယ်။
Job Description တစ်ခုရေးဖို့ Job Analysis လုပ်ရပါတယ်။ Job Analysis ဆိုတာကတော့ ရာထူးတစ် နေရာအတွက် တာဝန်တွေ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ တာဝန်တွေ၊ Knowledge တွေက ဘာတွေလဲဆိုတာကို ဆုံးဖြတ်တာပါ။ Job Analysis လုပ်မထားရင် JD ရေးလို့မရ ပါဘူး။ Job Analysis ကရတဲ့အချက်အလက်တွေကို စုစည်းပြီးမှ Job Description နဲ့ Job Specificationကိုရေးရတာဖြစ်ပါတယ်။
မင်းခေါင် ( EMPA - 8 ) 

No comments:

Post a Comment

Hi Welcome