Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၅ )

လေ့လာရမည့်အချက်များ
နောက်ပြီးအလုပ်စဝင်ပြီး ကုမ္ပဏီကိုရောက်ပြီဆိုရင် အောက်ဖော်ပြပါအချက်တွေကို လေ့လာ ထားဖို့ လိုပါလိမ့်မယ် -
( ၁ ) HR ဌာနကလုပ်ဆောင်မယ့် တာဝန်တွေကို လက်ရှိဘယ်သူတွေက လုပ်ဆောင်နေသလဲ။
( ၂ ) ဘယ်လို HR Function တွေကို လက်ရှိလုပ်ဆောင်နေသလဲ ( Recruitment တစ်ခုထဲလား၊ တခြား Function တွေကော ပါသေးသလား)။
( ၃ ) အဲဒီ Function တွေကို လုပ်ဆောင်ဖို့အတွက် Standard Operating Procedure SOP တွေရှိပြီ လား။ အဲဒီ SOP တွေက တကယ်ကို လိုက်နာလုပ်ဆောင်လို့ရတဲ့ SOP တွေဟုတ်ရဲ့လား)။
( ၄ ) ဝန်ထမ်း Turn Over Rate နဲ့ ဝန်ထမ်းတွေရဲ့ Motivation ကကော။
( ၅ ) ဝန်ထမ်းတွေကကော Job Satisfaction ရှိရဲ့လား။
( ၆ ) ဝန်ထမ်းအင်အားဘယ်လောက်များများရှိသလဲ။ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ HR ဝန်ထမ်းအင်အား မျှတမှု ရှိရဲ့လား။
( ၇ ) HR Policies and Procedure တွေ Manual တွေရှိပြီလား။
( ၈ ) ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ Employee Handbook ရေးဆွဲပြီးပြီလား။
( ၉ ) Succession Plan လုပ်ထားပြီးသားလား (အထူးသဖြင့် Key Player တွေအတွက်ပေါ့။ တွေ့ရ တတ်တာက တစ်ချို့ကုမ္ပဏီတွေမှာ Key Player တွေ ထွက်သွားတဲ့အခါမှာ ကုမ္ပဏီအနေနဲ့ ယိုင်နဲ့သွား တတ်လို့ပါ။ ဒါပေမယ့် တစ်ခုသတိပေးချင်တာက သူတို့နဲ့ပတ်သက်ပြီး သိပ်ပြီးစိုးရိမ်မကြီးဖို့ပါ။ တစ်ခါ တစ်လေမှာ တွေ့ရပါလိမ့်မယ်။ သူတို့သာမရှိရင် ဒီကုမ္ပဏီပျက်သွားလိမ့်မယ်လို့ ပြောတဲ့လူတွေ။ အဲဒါမ မှန်ပါဘူး။ လောကမှာ အစားထိုး လို့မရနိုင်တဲ့သူဆိုတာ မရှိပါဘူး။
အခုပြောတဲ့အချက်အလက်တွေ အားလုံးခြုံငုံကြည့်ဖို့ ဆိုရင် ကျွန်တော်ထင်ပါတယ် အလုပ်စဝင်ပြီး အနည်းဆုံး ( ၁ ) လလောက် အချိန်ယူရပါလိမ့်မယ်။
ဆက်ကြရအောင်။ ခုနကပြောတဲ့ အချက်အလက်တွေသိတော့ ကျွန်တော်တို့အတွက် ဘာများထူး လာမှာမို့လို့လဲ။ သေချာတာတစ်ခုကတော့ အခုနကပြောတဲ့အချက်တွေ သိရတော့ကိုယ့်ကုမ္ပဏီရဲ့ အား သာချက် / အားနည်းချက်တွေသိပြီး ကိုယ်ဆက်ပြီး အကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေကို ဆုံးဖြတ် လို့ရမှာမဟုတ်ပါလား။ ပြီးတော့ကျွန်တော်တို့ HR က ကုမ္ပဏီအတွက် ဘာတွေများလုပ်ပေးနိုင်မလဲ၊ ဘာ တွေပံ့ပိုးပေးဖို့လိုမလဲ သိလာမှာပေါ့။
( ဇ ) အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ Senior Management Team ( SMT )
ခုနကပြောခဲ့တဲ့အချက်တွေက HR မန်နေဂျာတစ်ယောက်အတွက် ပြည့်စုံလုံလောက်ပြီလား၊ မလုံ လောက်သေးပါဘူး။ အလုပ်ဝင်ပြီး ( ၁ ) လလောက်ကြာတဲ့အခါမှာ ဆက်လုပ်သင့်တာက ကိုယ့်ကုမ္ပဏီ / အဖွဲ့အစည်းရဲ့ Head of Department ( ဌာနခွဲအကြီးအကဲ )တွေ ပါဝင်တဲ့ Senior Management Team ( SMT ) ဖွဲ့စည်းဖို့ပါပဲ။
ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ Active Participation ရရှိဖို့ပါဘဲ။ ခုနကပြောခဲ့တဲ့သူတွေလိုပဲ သူတို့ဟာ သက်ဆိုင်ရာဌာနတစ်ခုချင်းစီမှာ သူတို့ရဲ့ဝန်ထမ်းတွေအပေါ်မှာလွှမ်းမိုးနိုင်ကြသူတွေဖြစ်ပါတယ်။ ပြီးရင် သူတို့နဲ့ အနည်းဆုံးတလကို ( ၂ ) ကြိမ်လောက် ပုံမှန်အစည်းအဝေးလုပ်သင့်ပါတယ်။ အဲဒီလိုအ စည်းအဝေးလုပ်တဲ့အခါမှာလဲ HR မန်နေဂျာဟာ ပါဝင်ဆွေးနွေးသူအနေနဲ့မဟုတ်ဘဲ အစည်းအဝေးအ ကောင်အထည်ပေါ်လာအောင်ပုံဖော်ပေးတဲ့ Facilitator နေရာကနေသင့်ပါတယ်။ အဲဒါမှ သူတို့တွေဆီက တဆင့် ဝန်ထမ်းတွေရဲ့ ခံစားချက်တွေ၊ အဆင်မပြေမှုတွေ၊ မကျေနပ်ချက်တွေကို သိလာရနိုင်မှာဖြစ်ပါ တယ်။ တစ်ခါတစ်လေကျတော့လဲ Negative Response တွေလဲ ရလာတတ်ပါတယ်။ အဲဒါက ဘာလဲဆို တော့ သူတို့လက်ရှိရထားတဲ့ လွှမ်းမိုးနိုင်မှုတွေကို သူတို့ဆီကလုယူသွားမှာစိုးရိမ်တတ်ကြလို့ပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် SMT ဖွဲ့စည်းတာဟာလုပ်ကိုလုပ်သင့်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။
မင်းခေါင် ( EMPA -8 )

No comments:

Post a Comment

Hi Welcome