အခန်း ( ၉ ) မှာကတော့ အပေါ်ကအခန်း ( ၈ )ကစည်းကမ်းတွေချိုးဖောက်ခဲ့ လို့ အရေးယူဆောင် ရွက်တဲ့အခါမှာ ဝန်ထမ်းတွေဘက်ကတရားမျှ တမှုမရှိ ဘူးလို့ ထင်မြင်ယူဆခဲ့တယ်ဆိုရင် ဘယ်လိုတိုင်ကြား ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ( Grievance Procedure ) တွေကိုဖော်ပြထားရပါမယ်။
အခန်း ( ၁ဝ ) မှာတော့ ဝန်ထမ်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့လေ့ကျင့်သင်ကြားပေးရေးနဲ့ သက် ဆိုင်တဲ့အကြောင်းတွေ ရေးရပါမယ်။ ဘယ်လိုအချိန်မျိုးမှာ ကုမ္ပဏီက လေ့ကျင့်သင်ကြားမှုတွေ ဆောင် ရွက်ပေးရမယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဘယ်လိုအခြေခံချက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်မယ်ဆိုတာ တွေပါရမှာပေါ့။ ကုမ္ပဏီကပံ့ပိုးတဲ့ လေ့ကျင့်သင်ကြားပေးမှုတွေရယူပြီးတဲ့အခါမှာ ဝန်ထမ်းဘက်က ပြန် လည်ပေးဆပ်ရမယ့် Commitment တွေက ဘာတွေလဲပါရပါမယ်။
အခန်း ( ၁၁ ) မှာတော့ အလုပ်ကနေနှုတ်ထွက်ရင် လုပ်ဆောင်ရမည့်အချက်တွေနဲ့ အလုပ်မှ ထုတ် ပယ်ခံရနိုင်တဲ့အခြေအနေတွေမှာ ကုမ္ပဏီရဲ့တာဝန်ကဘာတွေ၊ ဝန်ထမ်းရဲ့တာဝန်ကဘာတွေ၊ ဝန် ထမ်းလျော့ချခြင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ဖော်ပြရပါမယ်။ ဥပမာ – ဘယ်အဆင့်ဆိုရင် အလုပ်က ထွက်ချင်ရင် ဘယ်နှစ်လကြိုပြောရမယ်ဆိုတာမျိုးတွေ ၊ အလုပ်ထုတ်မယ်ဆိုရင် ကုမ္ပဏီဘက်က ဘာတွေ လုပ်ပေးရမယ်၊ ဝန်ထမ်းဘက်ကဘာတွေလုပ်ပေးရမယ်ဆိုတာမျိုးတွေ၊ ဝန်ထမ်းလျော့ချတဲ့အခါကျရင် ဘာ တွေလုပ်ရမယ်ဆိုတာတွေ ဖော်ပြပေးရမှာပါ။
အခန်း ( ၁၂ ) မှာကတော့ အခုနက ဖော်ပြခဲ့တဲ့ အခန်း ( ၁၁ ) ခန်းမှာမပါဝင်တဲ့အချက်တွေကို ဖော်ပြသွားရပါမယ်။ ဥပမာ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုထိန်းသိမ်းထားမယ်၊ ကြေငြာချက် တွေ၊ အမိန့်တွေပြောင်းလဲတဲ့အခါ ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုတာတွေ၊ လုပ်ငန်းဌာနပြောင်း ရွှေ့တာဝန်ထမ်းဆောင်တာတွေ၊ စည်းမျဉ်းစည်းကမ်းအသစ်ထုတ်ပြန်တဲ့ကိစ္စတွေ၊ တူညီဝတ်စုံဝတ်ဆင် ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထမင်းစားခန်းအသုံးပြုခြင်း၊ ပြုမူနေထိုင်မှုနဲ့ပတ်သက်တဲ့ အချက်တွေ (ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့အချက်တွေ ) ထည့်သွင်းရေးသားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ Employee Handbook အကြောင်းနဲ့ဘယ်လိုရေးဆွဲရမယ်ဆိုတာ အကြမ်း ဖျင်းသိလောက်ပြီလို့ယူဆပါတယ်။ ဘာဆက်လုပ်ဖို့လိုမလဲ။ အရင်ဆုံးလုပ်ရမှာကတော့ Senior Management Team ကို ကိုယ်ရေးဆွဲထားတဲ့ Employee Handbook ကိုချပြပြီး အကြံဥာဏ်တွေ တောင်းကြည့် သင့်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အကြံဥာဏ်တွေ၊ ရလာပါလိမ့်မယ်။သူတို့ဆီကရတဲ့ အကြံ ဥာဏ်တွေပေါင်းစပ်ပြီး လိုအပ်သလိုပြင်ဆင်မှုတွေလုပ်ပေးသင့်ပါတယ်။ ပြီးတာနဲ့ ဝန်ထမ်းတွေအားလုံးကို ဖြန့်ဝေဖတ်ရှုစေသင့်ပါတယ်။ အားလုံးဖတ်ပြီးသွားပြီဆိုရင်တော့ ဝန်ထမ်းအားလုံးနဲ့ တွေ့ဆုံပွဲကလေး လုပ်ပြီး သူတို့ရဲ့အကြံဥာဏ်တွေ၊ ထင်မြင်ယူဆချက်တွေ မေးမြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ် သူမှလိုက်မလုပ်နိုင်တဲ့ကန့်သတ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေချပြီး တယောက်မှလိုက်မလုပ်ကြရင် ကိုယ်လုပ်ထားသမျှ အလကား ဖြစ်သွားမှာစိုးလို့ပါ။ အဲဒါပြီးသွားပြီးဆိုရင် ကိုယ့်ရဲ့ ဒါရိုက်တာအဖွဲ့ ဒါမှမ ဟုတ် အုပ်ချုပ်မှုဒါရိုက်တာဆီတင်ပြပြီး အတည်ပြုချက်ရယူသွားလို့ရပါပြီ။ သူတို့ဆီကအတည်ပြုချက်ရ ပြီဆိုရင်တော့ အဲဒီအတိုင်းဆက်ပြီး အကောင်အထည်ဖော်သွားလို့ရပြီဖြစ်ပါတယ်။
Employee Handbook ရေးဆွဲရာမှာ တခုသတိထားရမှာက Employee Handbook ဟာ ကုမ္ပ ဏီတစ်ခုနဲ့တစ်ခုတူညီတာတွေရှိနိုင်သလို ကွဲပြားတာတွေလဲရှိနိုင်ပါတယ်။ အဓိကကတော့ ကုမ္ပဏီပိုင်ရှင် တွေရဲ့သဘောထား၊ လုပ်ငန်းရဲ့သဘောသဘာဝတွေအပေါ်မှာ အများကြီးမူတည်ပါလိမ့် မယ်။
မင်းခေါင် ( EMPA – 8 )
No comments:
Post a Comment
Hi Welcome