Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၁၁ )


HR လားဟေ့ဝင်ခဲ့လေကွယ် ( ၁၁ )
Internal Environment of Recruitment
နောက်တစ်ခါထပ်ပြီးစဉ်းစားရမှာကတော့ Internal Environment of Recruitment ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တွေရှိပါတယ်။ အဲဒါတွေကတော့ ( ၁ ) HR Planning ( ၂ ) Promotion Policies ( ၃ ) The firms Knowledge of emplorees ( ၄ ) Nepotism တို့ ဖြစ်ပါတယ်။
( ၁ ) HR Planning – အများသောအားဖြင့် ကုမ္ပဏီတွေမှာ ကြုံတွေ့ရတတ်တာက တကယ်လို အပ်လို့ ဝန်ထမ်းခေါ်တဲ့အခါ လိုချင်တဲ့အချိန်အတိုင်းအတာအတွင်း လိုချင်တဲ့အရေအတွက်ကို မရတတ် ကြပါဘူး။ ဒါကြောင့် ဝန်ထမ်းလိုတဲ့အခါ ဘယ်နေရာတွေမှာသွားခေါ်မယ်။ ဘယ်သူတွေကိုသုံးမယ်ဆိုတာ ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။နောက်ပြီးကုမ္ပဏီတွေအနေနဲ့ Business Plan ရှိခဲ့တယ်ဆိုရင် အဲဒီ Plan အရ ဘယ်အချိန်မှာ ဘယ်လိုကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက်လိုအပ်မယ်ဆို တာ ကြိုစဉ်းစားထားရမှာဖြစ်ပါတယ်။
( ၂ ) Promotion Policies – ကိုယ့်ကုမ္ပဏီမှာ အတွင်းလူကိုပဲ ရာထူးတိုးပေးရမယ်ဆိုတဲ့မူဝါဒရှိ သလားဆိုတာထည့်စဉ်းစားရပါမယ်။ ဝန်ထမ်းဖြည့်ဆည်းတဲ့အခါ စဉ်းစားရမယ့်အချက် ( ၂ ) ချက်ရှိပါ တယ်။ အပြင်ကလူကို ခန့်အပ်တာဝန်ပေးတာနဲ့အတွင်းလူကို ရာထူးတိုးမြှင့်ပေးတာပါ။ အပြင်လူကို ခန့် ထားမယ်ဆိုရင် ကိုယ့်ရဲ့ အဖွဲ့အစည်းနဲ့အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းရပါလိမ့်မယ်။ ဒါပေမယ့် Idea အသစ်တွေ၊ လုပ်နည်းကိုင်နည်းအသစ်တွေရနိုင်ပါတယ်။ အတွင်းလူခန့်ထားရင်တော့ အ လုပ်သဘောနားလည်ပြီးသားဖြစ်လို့ အလုပ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်စောင့်ဆိုင်းစရာမလိုပေမယ့်။ အဆင့်တူလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးမပြောင်းလဲတာ၊ လုပ်နေကျအလုပ်တွေကိုပဲဆက်လုပ် တော့ Management တာဝန်ကို မယူနိုင်တာ၊ Creativity မရှိတာ စတဲ့ပြဿနာတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့် အတွင်းလူကို ရာထူးတိုးပေးတဲ့မူဝါဒရှိရင်တော့ ဝန်ထမ်းတွေဘက်က စိတ်အားတက်ကြွမှု တွေ ပိုရှိနိုင်တာပေါ့။ နို့မို့ရင် ငါတို့ဘယ်လောက် ကြိုးစားကြိုးစားမထူးပါဘူးဆိုပြီး လုပ်ရည်ကိုင်ရည်တွေ၊ လုပ်ချင်ကိုင်ချင်စိတ်တွေကျသွား တတ်ပါတယ်။
( ၃ ) The Firms Knowledge of employees – ကုမ္ပဏီရဲ့အကြီးတန်း စီမံခန့်ခွဲရေး တာဝန် ရှိသူတွေဟာ ကိုယ့်ဝန်ထမ်းတစ်ဦးချင်းစီရဲ့လုပ်ရည်ကိုင်ရည်အပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ သူရဲ့ကိုယ် ကျင့်သိက္ခာ ၊ စိတ်နေသဘောထားစတာ တွေကိုပါ သေချာသိထားဖို့ လိုပါတယ်။
(၄) Nepotism – ကုမ္ပဏီတွေမှာ တွေ့ရတတ်တာက လုပ်ပိုင်ခွင့်ရှိတဲ့လူတစ်ယောက် ကုမ္ပဏီထဲကို ရောက်လာပြီးရင်လစ်လပ်နေရာပေါ်တိုင်း သူ့လူတွေ၊ သူ့ဆွေမျိုးတွေချည်းပဲရွေးပြီး ခန့်တတ်တဲ့အကျင့် တွေလဲ ရှိတတ်ပါတယ်။ အဲဒီလိုဖြစ်တာကို Nepotism လို့ခေါ်ပါတယ်။ ဒါကြောင့် တစ်ချို့ကုမ္ပဏီတွေမှာ Anti-nepotism နဲ့ပတ် သက်တဲ့ Policy တွေရေးဆွဲထားတတ်ပါတယ်။
အဓိကပြဿနာကတော့ မိမိရဲ့ဆွေမျိုးမိတ်ဆွေတွေကို ခန့်ထားမယ်ဆိုရင် ဘက်လိုက်ဆုံး ဖြတ်တာတွေရှိလာနိုင်ပြီး ဝန်ထမ်းတွေရဲ့ မကျေနပ်မှုတွေ များလာနိုင်တာပါ။
ဒီလောက်ဆိုရင် Recruitment မလုပ်ခင် ထည့်စဉ်းစားရမယ့်အချက် တော်တော်များများ သိသွား ပြီလို့ထင်ပါတယ်။ နောက်တပါတ်ကျရင်တော့ Recruitment ဘယ်လိုလုပ်ကြမလဲဆက်ကြည့်ကြ ရအောင်ပါ။
( ၃ ) Brick Recruitment
Recruitment အကြောင်းလေးဆက်ပြီိးစဉ်းစားကြရ အောင်ပါ။ Recruitment အကြောင်း မပြော ခင် ရယ် စရာလေးတခုပြောပြချင်ပါတယ်။ အဲဒါကတော့ Brick Recruitment ဆိုတဲ့အကြောင်းလေးပါ။ သူ့အဆိုအရ တော့ လူမှန်နေရာမှန်ရအောင် ရွေးဖို့လို့ဆိုပါတယ်။ Recruitment မလုပ်ခင်မှာ လုပ်ရ မယ့်အလုပ်ဟာ ပထမဆုံး အုတ်ခဲအလုံး ( ၁ဝဝ ) ကိုပြူတင်းပေါက်ဖွင့်ထားတဲ့ အခန်းတစ်ခန်းထဲကို ထည့်ထားရပါမယ်တဲ့။ ပြီးရင် အလုပ်လျှောက်ထားသူတွေထဲက လူ ( ၂ ) ဦး ( ၃ ) ဦးကို အခန်းထဲ ထည့် ပြီး တံခါးပိတ်ထားလိုက်ပါတဲ့။
အခန်းထဲမှာ ဘာမှမပြောဘဲ အဲဒီအတိုင်းထားပြီး ၆နာရီလောက်ကြာတဲ့အခါမှသာ အခန်းထဲကို ပြန်ဝင်သွားပြီး ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လေ့လာသုံးသပ်ပါတဲ့။
တကယ်လို့ သူတို့ဟာ အုတ်ခဲတွေကို တစ်လုံးချင်းရေတွက်နေမယ်ဆိုရင် သူတို့ကိုထားရမယ့်ဌာန က “Accounting Deparment ” ဖြစ်ပါတယ်တဲ့။
တကယ်လို့ သူတို့က အုတ်ခဲတွေကို နောက်ထပ်တစ်ခါပြန်ပြီးရေတွက်နေတာဆိုရင်တော့ သူတို့ကို ” Auditing Department” ကို ပို့လိုက်ပါတဲ့။
တကယ်လို့ တစ်ခန်းလုံးအုတ်ခဲတွေနဲ့ ရှုပ်ပွပြီး ပစ်စလက်ခတ်ဖြစ်နေရင်တော့ သူတို့ကို “Engineering Department “ကို ပို့လိုက်ပါတဲ့။
တကယ်လို့သာ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အုတ်ခဲတွေနဲ့ပစ်ပေါက်နေမယ်ဆိုရင် သူတို့ကို “Operation Department”ကိုသာ ပို့လိုက်ပါတဲ့။
တကယ်လို့သာ သူတို့ဟာ အိပ်ပျော်နေခဲ့မယ်ဆိုရင် သူတို့ကို “Security ” ခန့်လိုက်ပါတဲ့။
တကယ်လို့သာ သူတို့ဟာ အုတ်ခဲတွေကို တစ်စစီဖြစ်အောင်ခွဲခြမ်းစိတ်ဖြာနေကြမယ်ဆိုရင်တော့ သူတို့ကို “Information Department ကိုသာ ပို့လိုက်ပါ။
တကယ်လို့သာ သူတို့ဟာ ဘာမှမလုပ်ပဲနဲ့ထိုင်နေမယ်ဆိုရင် သူတို့ကို”Human Resources ” ဌာနကိုသာ ပို့လိုက်ပါတဲ့။
တကယ်လို့သာ သူတို့ဟာ အုတ်ခဲတွေကိုနည်းမျိုးစုံနဲ့စီပြဖို့ကြိုးစားနေတယ်။ အုတ်ခဲတစ်လုံးမှ တောင် နေရာကမရွေ့ဘူးဆိုရင် သူတို့ကို ” Sales Department ” ကို ပို့လိုက်ပါတဲ့။
တကယ်လို့သာ သူတို့ဟာ အခန်းထဲမှာ တစ်ချိန်လုံးရှိမနေခဲ့ဘူးဆိုရင် သူတို့ကို Marketing Department ကို သာ ပို့လိုက်ပါ။
တကယ်လို့သာ သူတို့ဟာ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေကြမယ်ဆိုရင် တော့ သူတို့ကို ” Strategic Planning Department ” ကို ပို့လိုက်ပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် စကားတွေပြော နေကြ တယ်။ ဒါပေမယ့် အုတ်ခဲတစ်လုံးမှတော့ နေရာကမရွေ့ဘူးဆိုရင် သူတို့ကို လက်ဆွဲနှုတ်ဆက် လိုက်ပြီး —————- ကို ပို့လိုက်ပါတဲ့။ ဘယ်ကိုပို့ရမယ်လို့ ထင်ပါသလဲ။ သူတို့ကို ပို့ရမယ့်ဌာနက တော့



” Top Management ” ပါတဲ့ခင်ဗျာ။
မင်းခေါင် ( EMPA – 8 )

No comments:

Post a Comment

Hi Welcome